Saturday, July 31, 2010
တာရာမင်းဝေနဲ့ ရွှေလက်များ
ရွှေလက်များ လူငယ်စာပေပရဟိတအဖွဲ့မှ ဦးဆောင်ပြီး ကဗျာဆရာ စာရေးဆရာ တာရာမင်းဝေကွယ်လွန်ခြင်းသုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကလေးမြို့ ပင်လုံလမ်းမတော်က အောင်မူးဂယ်လာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။ 5/8/2010 ရက်နေ့။ နေ့လည် 12း00မှာ ပြုလုပ်မှာဖြစ်ပြီး တာရာမင်းဝေရဲ့ ကဗျာ၊ ၀တုများကို ရွတ်ဖတ်ကြမှာဖြစ်ပြီး အထိမ်းအမှတ် အကျီင်္၊ အကျွေးအမွေးများနဲ့အတူ စိတ်ပါဝင်စားသူများနဲ့ပြုလုပ်မယ့်အကြောင်း သိရပါတယ်။ ပွဲကျင်းပပြီးစီးသွားရင် ပြည့်ပြည့်စုံစုံ တင်ပေးပါမယ်။
ဆုတောင်းတိုင်းသာပြည့်မည်ဆိုပါလျှင်
စိတ်ထဲရှိတာတွေအကုန်စွန့်ထုတ်လိုက်တာ
မကျေနပ်မှုတွေတောင်ပုံရာပုံဖြစ်လို့
ကံဇာတာချို့နေတဲ့ညနေပျို့ပျို့တွေလည်း
လင်းတစ်ချို့မှောင်တစ်ချို့နဲ့
ဒီလိုပါပဲ ...
အတွေးခြောက်ခြားနေတဲ့ငါနဲ့
ဘေးလျှောက်သွားနေတဲ့ကံကြမ္မာ
တစ်နေရာရာမှာတော့
ဆုံနိုင်စရာရှိတန်ကောင်းပါရဲ့ ... ။
မကျေနပ်မှုတွေတောင်ပုံရာပုံဖြစ်လို့
ကံဇာတာချို့နေတဲ့ညနေပျို့ပျို့တွေလည်း
လင်းတစ်ချို့မှောင်တစ်ချို့နဲ့
ဒီလိုပါပဲ ...
အတွေးခြောက်ခြားနေတဲ့ငါနဲ့
ဘေးလျှောက်သွားနေတဲ့ကံကြမ္မာ
တစ်နေရာရာမှာတော့
ဆုံနိုင်စရာရှိတန်ကောင်းပါရဲ့ ... ။
ငါးမရတိုင်းသာ
ငါးမရလည်း
ငါးမရရေချိုးပြန်မယ်တဲ့ ... ။
မင်း ငါးမရလည်း
ရေချိုးပြန်ဖို့ စိတ်မကူးပါနဲ့ကွာ ... ။
မင်းငါးရှာထားတာနဲ့တင်
အိုင်တစ်ခုလုံးပွစာကျဲလို့ ... ။
မင်း ချိုးဖို့စိတ်ကူးရင်
မင်း မင်းငါးရှာထားတဲ့အိုင်ကို
အရင်ပြန်ကြည့်သင့်တယ် ... ။
မင်းပြန်ကြည့်ဖြစ်ခဲ့ရင်
မင်းငါးမရတိုင်းရေချိုးပြန်တဲ့နေရာဟာ
နွံတွေထပြီး ညစ်ထေးနေပြီဆိုတာ ... ။
သူငယ်ချင်းရာ
ချိုးဖွယ်ပျော်ဖွယ်ရှိတဲ့
ကန်တစ်နေရာရာမှာပဲ
မင်းဧကစာကျင့်လို့ ... ။
သူငယ်ချင်း ....
ကျေးဇူးပြုပြီး
ငါးမရတိုင်း ရေချိုးမပြန်ပါနဲ့ကွာ ... ။
ငါးမရရေချိုးပြန်မယ်တဲ့ ... ။
မင်း ငါးမရလည်း
ရေချိုးပြန်ဖို့ စိတ်မကူးပါနဲ့ကွာ ... ။
မင်းငါးရှာထားတာနဲ့တင်
အိုင်တစ်ခုလုံးပွစာကျဲလို့ ... ။
မင်း ချိုးဖို့စိတ်ကူးရင်
မင်း မင်းငါးရှာထားတဲ့အိုင်ကို
အရင်ပြန်ကြည့်သင့်တယ် ... ။
မင်းပြန်ကြည့်ဖြစ်ခဲ့ရင်
မင်းငါးမရတိုင်းရေချိုးပြန်တဲ့နေရာဟာ
နွံတွေထပြီး ညစ်ထေးနေပြီဆိုတာ ... ။
သူငယ်ချင်းရာ
ချိုးဖွယ်ပျော်ဖွယ်ရှိတဲ့
ကန်တစ်နေရာရာမှာပဲ
မင်းဧကစာကျင့်လို့ ... ။
သူငယ်ချင်း ....
ကျေးဇူးပြုပြီး
ငါးမရတိုင်း ရေချိုးမပြန်ပါနဲ့ကွာ ... ။
မှန်ထဲကငါ
အခုတလောငါ .....
မှန်မကြည့်ဖြစ်တာတော်တော်ကြာပြီ ... ။
ကြည့်မယ့်ကြည့်ဖြစ်တော့လည်း
မှန်ထဲကငါဟာ
ငါမဟုတ်ပြန်ဘူး .... ။
ငါက ပြုံးပြတဲ့အခါ
အဲဒီကောင်က
ငါ့ကို ပါးရွဲ့ပြတယ် ... ။
ငါက မဲ့ပြတဲ့အခါ
အဲဒီကောင်က
ငါ့ကို ရှူံ့မဲ့ပြတယ် ... ။
ဟုတ်တယ်
မှန်အပြင်ကငါနဲ့
မှန်ထဲက သူဟာ
ပယ်ပယ်နှယ်နှယ်ကို လွဲချော်နေတာ .... ။
သေချာပါတယ် .....
ဇရာကြောင်းတွေထပ်နေတဲ့
မှန်ထဲက သူဟာ
ငါမဟုတ်တဲ့ငါပဲ ... ။
မှန်မကြည့်ဖြစ်တာတော်တော်ကြာပြီ ... ။
ကြည့်မယ့်ကြည့်ဖြစ်တော့လည်း
မှန်ထဲကငါဟာ
ငါမဟုတ်ပြန်ဘူး .... ။
ငါက ပြုံးပြတဲ့အခါ
အဲဒီကောင်က
ငါ့ကို ပါးရွဲ့ပြတယ် ... ။
ငါက မဲ့ပြတဲ့အခါ
အဲဒီကောင်က
ငါ့ကို ရှူံ့မဲ့ပြတယ် ... ။
ဟုတ်တယ်
မှန်အပြင်ကငါနဲ့
မှန်ထဲက သူဟာ
ပယ်ပယ်နှယ်နှယ်ကို လွဲချော်နေတာ .... ။
သေချာပါတယ် .....
ဇရာကြောင်းတွေထပ်နေတဲ့
မှန်ထဲက သူဟာ
ငါမဟုတ်တဲ့ငါပဲ ... ။
ပန်းဆန်ဆန်
ပန်းတွေ ဝေ ကြွေ
သင်္ခါရ
သမားရိုးကျ ဆန်တယ် ... ။
ပင်ထက်မှာ ဝေ
ပင်ထက်မှာပဲ ကြွေ
နွမ်းကြွေအနိစ္စ
လောကဓမ္မ ဆန်တယ် .... ။
ပွင့်ဖူးလို့ ဝေ
ပင်ထက်မှာ မနေ
ကေသာထက်မှာ ဝေ
အဖြည့်ခံဘဝ
လောကအလှ ဆန်တယ် .... ။
ပင်ယံမှာ ဝေပြီးကြွေ
ကေသာမှာနေပြီးနွမ်း
သင်္ခါရသဘင်နန်း
ကြွေခမ်းတာချင်းအတူတူ
အဖြည့်ခံပန်းအဖြစ်
သူ့ကေသာနန်းပန်ဆင်လန်း
ကြွေတဲ့ပန်းက ပန်းဆန်တယ် ..... ။
ဘ၀ကို ... .ဘ၀က ....ဘ၀ဆန်ဆန်
ဘ၀ကို
ကြွနေဆဲလမ်းမပေါ်
ရုပ်ပြဆန်ဆန်ထုဆစ်နေတုန်း
ရင်ခွင်ထဲမှာ
အတ္တတွေက အုံကြွခွင့်တောင်းတယ် ... ။
ဘ၀က ရောင်းတန်းဝင်စနစ်သစ်ဖြစ်ဖို့
ရင့်သထက်ရင့်ကျက်အောင်
ချင့်တွက်မှုပုံစံခွက်ထဲ
ပက်လက်အိပ်နေခဲ့ရ .... ။
ငါက ငါ့ကိုယ်ငါ
သဒ္ဒါစည်းမျဉ်းနဲ့ပြန်ညှိ
အရေခွံချွတ်လှဲကြည့်မိမှပဲ
အရှိကို အရှိအတိုင်းသိရတယ် .... ။
ဘ၀ဆန်ဆန် ငါခြုံထားခဲ့တာ
အပေါ်ယံအလွှာမှမဟုတ်ဘဲ
နစ်ဝင်နေခဲ့တာ
ငါ့နှလုံးသားမှာအရာတွေပေါ်လို့
အနာပေါ် တုတ်မကျသေးခင်
ခပ်ကျဉ်ကျဉ်နေဖို့ကြိုးစား
ဘ၀သမားတွေထဲက ရိုးသားမှုကို
လက်တစ်ဆုတ်စာ ငှားထမ်းထားခဲ့တယ် ...... ။
ခုံဖိနပ်နဲ့မင်းသမီး ... ပြီးတော့ ကျွန်တော်
အဲသည်လမ်းမကြီးပေါ့ ....
ကျွန်တော်ခင်းကျင်းထားတဲ့လမ်းမကြီး
မင်းသမီးရဲ့ ဖိနပ်သံတစ်ဒေါက်ဒေါက်နဲ့
ခဏတာဖြတ်အလျှောက်မှာ
ကျိုးပေါက်သွားတာ ....။
မင်းသမီးရဲ့ ဖိနပ်ခွာမှာ
ကတ္တရာတွေ ကပ်ပါသွားတာ
မင်းသမီးလည်းမသိခဲ့ဘူး
ကျွန်တော့်လမ်းမကြီးကလည်း
တစ်ချက်မှ မငြီးခဲ့ဘူး ... ။
အဖုအထစ်ကြီးကြီးပေါ်လာမှပဲ
နောက်တစ်ခေါက်ဖြတ်လျှောက်တဲ့မင်းသမီး
ခလုတ်တိုက်ပြီးလဲသွားတာ
ကျွန်တော့်လမ်းမကြီးမှာ
နှလုံးသွေးတွေစီးလို့ ..... ။
အရေးမကြီးဘူး
တောင်လေတွေမြောက်ပြန်အတိုက်မှာပဲ
ကျွန်တော့်နှလုံးသွေးတွေ ၀န်းရံစီးလို့
တစ်ထီးတစ်နန်းစံမြန်းနေတဲ့
မင်းသမီးရဲ့ ပြတိုက်အနီးမှာ
နှစ်ချို့ရင်ခုံသံတွေနဲ့အတူကခုန်လို့အပြီး
ကျွန်တော့်ရင်ခွင်ထဲ
မင်းသမီးခိုမှီးလာခဲ့တယ် .... ။
အညမည
ငါတို့က ...
ငါတို့ကိုယ်ငါတို့ ပြန်ပြီးထုဆစ်နေသလိုမျိုး
သူတို့က
သူတို့ကိုယ်သူတို့ပြန်ပြီးထုဆစ်နေကြ ... ။
ငါတို့က ...
ငါတို့သမိုင်း ငါတို့ရေးနေကြသလို
သူတို့က
သူတို့သမိုင်းသူတို့ရေးနေကြ ... ။
ငါတို့က ...
ငါတို့အတွေးနဲ့ ငါတို့ငေးနေကြသလို
သူတို့ကလည်း
သူတို့အတွေးနဲ့သူတို့ ဆွေးနေကြ .... ။
တစ်ခါတစ်ခါ ...
သူတို့က ငါတို့ကိုပြန်ထုဆစ်ပြီး
ငါတို့က သူတို့ကို ပြန်ထုဆစ်ပေးနေရ .. ။
တစ်ခါတစ်လေ ...
သူတို့က ငါတို့သမိုင်းကိုရေး
ငါတို့က သူတို့သမိုင်းကိုရေးပေးနေရတတ်ကြ .. ။
တစ်ခါတစ်ရံ ...
သူတို့အတွက်ငါတို့က တွေးပြီးငေး
ငါတို့အတွက် သူတို့က တွေးပြီးဆွေးပေးနေရတတ်ကြ ... ။
သင်္ခါရ
သမားရိုးကျ ဆန်တယ် ... ။
ပင်ထက်မှာ ဝေ
ပင်ထက်မှာပဲ ကြွေ
နွမ်းကြွေအနိစ္စ
လောကဓမ္မ ဆန်တယ် .... ။
ပွင့်ဖူးလို့ ဝေ
ပင်ထက်မှာ မနေ
ကေသာထက်မှာ ဝေ
အဖြည့်ခံဘဝ
လောကအလှ ဆန်တယ် .... ။
ပင်ယံမှာ ဝေပြီးကြွေ
ကေသာမှာနေပြီးနွမ်း
သင်္ခါရသဘင်နန်း
ကြွေခမ်းတာချင်းအတူတူ
အဖြည့်ခံပန်းအဖြစ်
သူ့ကေသာနန်းပန်ဆင်လန်း
ကြွေတဲ့ပန်းက ပန်းဆန်တယ် ..... ။
ဘ၀ကို ... .ဘ၀က ....ဘ၀ဆန်ဆန်
ဘ၀ကို
ကြွနေဆဲလမ်းမပေါ်
ရုပ်ပြဆန်ဆန်ထုဆစ်နေတုန်း
ရင်ခွင်ထဲမှာ
အတ္တတွေက အုံကြွခွင့်တောင်းတယ် ... ။
ဘ၀က ရောင်းတန်းဝင်စနစ်သစ်ဖြစ်ဖို့
ရင့်သထက်ရင့်ကျက်အောင်
ချင့်တွက်မှုပုံစံခွက်ထဲ
ပက်လက်အိပ်နေခဲ့ရ .... ။
ငါက ငါ့ကိုယ်ငါ
သဒ္ဒါစည်းမျဉ်းနဲ့ပြန်ညှိ
အရေခွံချွတ်လှဲကြည့်မိမှပဲ
အရှိကို အရှိအတိုင်းသိရတယ် .... ။
ဘ၀ဆန်ဆန် ငါခြုံထားခဲ့တာ
အပေါ်ယံအလွှာမှမဟုတ်ဘဲ
နစ်ဝင်နေခဲ့တာ
ငါ့နှလုံးသားမှာအရာတွေပေါ်လို့
အနာပေါ် တုတ်မကျသေးခင်
ခပ်ကျဉ်ကျဉ်နေဖို့ကြိုးစား
ဘ၀သမားတွေထဲက ရိုးသားမှုကို
လက်တစ်ဆုတ်စာ ငှားထမ်းထားခဲ့တယ် ...... ။
ခုံဖိနပ်နဲ့မင်းသမီး ... ပြီးတော့ ကျွန်တော်
အဲသည်လမ်းမကြီးပေါ့ ....
ကျွန်တော်ခင်းကျင်းထားတဲ့လမ်းမကြီး
မင်းသမီးရဲ့ ဖိနပ်သံတစ်ဒေါက်ဒေါက်နဲ့
ခဏတာဖြတ်အလျှောက်မှာ
ကျိုးပေါက်သွားတာ ....။
မင်းသမီးရဲ့ ဖိနပ်ခွာမှာ
ကတ္တရာတွေ ကပ်ပါသွားတာ
မင်းသမီးလည်းမသိခဲ့ဘူး
ကျွန်တော့်လမ်းမကြီးကလည်း
တစ်ချက်မှ မငြီးခဲ့ဘူး ... ။
အဖုအထစ်ကြီးကြီးပေါ်လာမှပဲ
နောက်တစ်ခေါက်ဖြတ်လျှောက်တဲ့မင်းသမီး
ခလုတ်တိုက်ပြီးလဲသွားတာ
ကျွန်တော့်လမ်းမကြီးမှာ
နှလုံးသွေးတွေစီးလို့ ..... ။
အရေးမကြီးဘူး
တောင်လေတွေမြောက်ပြန်အတိုက်မှာပဲ
ကျွန်တော့်နှလုံးသွေးတွေ ၀န်းရံစီးလို့
တစ်ထီးတစ်နန်းစံမြန်းနေတဲ့
မင်းသမီးရဲ့ ပြတိုက်အနီးမှာ
နှစ်ချို့ရင်ခုံသံတွေနဲ့အတူကခုန်လို့အပြီး
ကျွန်တော့်ရင်ခွင်ထဲ
မင်းသမီးခိုမှီးလာခဲ့တယ် .... ။
အညမည
ငါတို့က ...
ငါတို့ကိုယ်ငါတို့ ပြန်ပြီးထုဆစ်နေသလိုမျိုး
သူတို့က
သူတို့ကိုယ်သူတို့ပြန်ပြီးထုဆစ်နေကြ ... ။
ငါတို့က ...
ငါတို့သမိုင်း ငါတို့ရေးနေကြသလို
သူတို့က
သူတို့သမိုင်းသူတို့ရေးနေကြ ... ။
ငါတို့က ...
ငါတို့အတွေးနဲ့ ငါတို့ငေးနေကြသလို
သူတို့ကလည်း
သူတို့အတွေးနဲ့သူတို့ ဆွေးနေကြ .... ။
တစ်ခါတစ်ခါ ...
သူတို့က ငါတို့ကိုပြန်ထုဆစ်ပြီး
ငါတို့က သူတို့ကို ပြန်ထုဆစ်ပေးနေရ .. ။
တစ်ခါတစ်လေ ...
သူတို့က ငါတို့သမိုင်းကိုရေး
ငါတို့က သူတို့သမိုင်းကိုရေးပေးနေရတတ်ကြ .. ။
တစ်ခါတစ်ရံ ...
သူတို့အတွက်ငါတို့က တွေးပြီးငေး
ငါတို့အတွက် သူတို့က တွေးပြီးဆွေးပေးနေရတတ်ကြ ... ။
ကဗျာမဟုတ်တဲ့ကဗျာ
အိပ်မက်တွေကောက်သင်းကောက်ရင်း
မနက်တွေလင်းလင်းသွားတာ
အိမ်ရှေ့ကယင်းမာပင်တောင်
အရိုးပြိုင်းပြိုင်းနဲ့
လမ်းမကြီးကို ကျောခိုင်းနေခဲ့ ... ။
နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့
အစာပြေငတ်ခဲ့တဲ့မနက်တွေကို
လက်ချိုးရေရလွန်းလို့
စိတ်ဆိုးနေတဲ့လက်တွေလည်း
လှုပ်လီလှုပ်လဲ့နဲ့
မီရာတွေ့ရာတွေကို ကုတ်ဖဲ့နေခဲ့ ... ။
အေးစက်စက်ချိုစိမ့်တစ်ခွက်
လောင်ကျွမ်းနေတဲ့ဆေးလိပ်တစ်ဖက်
အလုပ်ပျက်ခဲ့တဲ့နေ့ရက်တွေတောင်
ယောင်တောင်တောင်နဲ့တမ်းတ
သတိရခြင်းတွေပျိုးချရင်းနဲ့
အတိုးတွေချချခိုင်းနေမိခဲ့ ... ။
အတောင်တစ်စုံမဖြစ်ဘဲ
ပြန်တက်နေတဲ့အတွေးတွေနဲ့
ရေးခြစ်ခဲ့တဲ့ကဗျာတွေဟာလည်း
ဖြစ်ချင်တာသက်သက်များနဲ့
ခံစားမှုကိုထောင်းသွင်းအကျဉ်းချလို့
သဲထဲသွန်ခဲ့တဲ့ရေတွေ
ရေပြန်ဖြစ်ဖို့မလွယ်သလို
စာရွက်တွေပေါ်သွန်ပစ်ခဲ့တဲ့စာတွေဟာလည်း
ကဗျာဖြစ်ဖို့မလွယ်ခဲ့ ... ။
(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလထုတ်၊ ပိတောက်ပွင့်သစ် စာပေ၊အနုပညာမဂ္ဂဇင်းပါ
ကဗျာဖြစ်ပါသည်။)
မနက်တွေလင်းလင်းသွားတာ
အိမ်ရှေ့ကယင်းမာပင်တောင်
အရိုးပြိုင်းပြိုင်းနဲ့
လမ်းမကြီးကို ကျောခိုင်းနေခဲ့ ... ။
နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့
အစာပြေငတ်ခဲ့တဲ့မနက်တွေကို
လက်ချိုးရေရလွန်းလို့
စိတ်ဆိုးနေတဲ့လက်တွေလည်း
လှုပ်လီလှုပ်လဲ့နဲ့
မီရာတွေ့ရာတွေကို ကုတ်ဖဲ့နေခဲ့ ... ။
အေးစက်စက်ချိုစိမ့်တစ်ခွက်
လောင်ကျွမ်းနေတဲ့ဆေးလိပ်တစ်ဖက်
အလုပ်ပျက်ခဲ့တဲ့နေ့ရက်တွေတောင်
ယောင်တောင်တောင်နဲ့တမ်းတ
သတိရခြင်းတွေပျိုးချရင်းနဲ့
အတိုးတွေချချခိုင်းနေမိခဲ့ ... ။
အတောင်တစ်စုံမဖြစ်ဘဲ
ပြန်တက်နေတဲ့အတွေးတွေနဲ့
ရေးခြစ်ခဲ့တဲ့ကဗျာတွေဟာလည်း
ဖြစ်ချင်တာသက်သက်များနဲ့
ခံစားမှုကိုထောင်းသွင်းအကျဉ်းချလို့
သဲထဲသွန်ခဲ့တဲ့ရေတွေ
ရေပြန်ဖြစ်ဖို့မလွယ်သလို
စာရွက်တွေပေါ်သွန်ပစ်ခဲ့တဲ့စာတွေဟာလည်း
ကဗျာဖြစ်ဖို့မလွယ်ခဲ့ ... ။
(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလထုတ်၊ ပိတောက်ပွင့်သစ် စာပေ၊အနုပညာမဂ္ဂဇင်းပါ
ကဗျာဖြစ်ပါသည်။)
Subscribe to:
Posts (Atom)