Saturday, July 31, 2010

မှန်ထဲကငါ

အခုတလောငါ .....
မှန်မကြည့်ဖြစ်တာတော်တော်ကြာပြီ ... ။

ကြည့်မယ့်ကြည့်ဖြစ်တော့လည်း
မှန်ထဲကငါဟာ
ငါမဟုတ်ပြန်ဘူး .... ။

ငါက ပြုံးပြတဲ့အခါ
အဲဒီကောင်က
ငါ့ကို ပါးရွဲ့ပြတယ် ... ။

ငါက မဲ့ပြတဲ့အခါ
အဲဒီကောင်က
ငါ့ကို ရှူံ့မဲ့ပြတယ် ... ။

ဟုတ်တယ်
မှန်အပြင်ကငါနဲ့
မှန်ထဲက သူဟာ
ပယ်ပယ်နှယ်နှယ်ကို လွဲချော်နေတာ .... ။

သေချာပါတယ် .....
ဇရာကြောင်းတွေထပ်နေတဲ့
မှန်ထဲက သူဟာ
ငါမဟုတ်တဲ့ငါပဲ ... ။

No comments:

Post a Comment