Tuesday, June 15, 2010

ရင် တနင့်နင့်

နေ့ရောညပါ......

စိတ်မလာတဲ့အလုပ်တွေမိုးခြိမ်းသလိုခြိမ်းလို့

ဝါသနာနဲ့အနေစိမ်းသွားတဲ့သူငယ်ချင်းတွေအတွက်

ကျွန်တော်ဖယ်ပေးလိုက်ရတဲ့နေရာများစွာရှိရဲ့

ချစ်သူလည်း...

ဒီနည်းနဲ့သူများနောက်ပါသွားခဲ့တာပဲ..။

စိတ်မသက်သာစရာတွေကိုသီးသန့်

ဖိုင်တွဲထားရတာဘ၀လား

နှလုံးရောဂါဖဲပြားလေးနဲ့ချည်နှောင်ထားပြီးပေါ့

လုပ်ချင်တာနဲ့

လုပ်ခဲ့ရတာတွေ
အကွာအဝေးဘယ်လောက်ရှိမလဲ

ကျွန်တော်မစဉ်းစားချင်ဘူး

ပေးနိုင်သလောက် ပေးပြီးသွားတဲ့အခါ

ဝေးနိုင်သလောက် ဝေးအောင်ပြေးထွက်ဖို့

သံယောဇဉ်ကြိုးဝိုင်းထဲကလေ

သတ်ကွင်းတွေကိုကျွန်တော်ဖြတ်နေတယ်...။ ။



အောင်မှူးဝေ

၁၃.၆.၂၀၁၀

No comments:

Post a Comment