Friday, June 25, 2010

နှင်းကြည်လွင်(သို့မဟုတ်)ရထားမ၀င်တဲ့ဘူတာပျက်ကလေး

ပေါ့ပေါ့ပါးပါး ရယ်မောလှုပ်ရှား စားသောက်အသက်ရှင်ချင်
မီးခိုးငွေ့တွေလို
နှင်းဆီပန်းတွေလိုခဏပွင့်သွားတဲ့
အဆင်ပြေပြေမနက်ခင်းများမှာနှင်းကြည်လွင်
ဘုရားမသွားပါ
နတ်ဆိုးတွေဝှက်ထားတဲ့ညအံဝှက်ထဲ
အမဲလိုက်ဖို့ချောင်းနေပါတယ်။
မြို့တော်ခန်းမရှေ့
ထိုးဆိုက်လာတဲ့အထူးကားပေါ်မှာနှင်းကြည်လွင်မပါ
မြို့သစ်ကို
သန်းခေါင်ကျော်မှရောက်ပါမယ်။
မိသားစုပရိယေသနများသူ့ခေါင်းပေါ်
ခိုတွေလိုအသိုက်ဖွဲ့နေလို့
ဆူးလေလမ်းမပလက်ဖောင်းများမှာနှင်းကြည်လွင်
ခိုစာရောင်းပါတယ်။
မျက်လုံးပေါင်းများစွာကနေ
လျှံကျလာသောအထင်သေးမှုများ....
နှင်းကြည်လွင်ကိုမသတ်ဖြတ်နိုင်ပါ။

ကျွန်တော်ဆက်လက်မရေးရက်တော့တဲ့ကဗျာတစ်ပုဒ်ပါနှင်းကြည်လွင်။
မိဘလုပ်အားနဲ့အသက်ရှင်နေတဲ့သမီးများရဲ့ပျော်ရွှင်မှုတချို့တ၀က်လောက်နှင်းကြည်လွင်ကိုမျှဝေပေးကြဖို့တောင်းဆိုချင်ပါတယ်။လူသားချင်းစာနာထောက်ထားသဖြင့်ပေါ့ဗျာ။
(ကျွန်တော့်မေးလ်ထဲကိုရောက်လာတဲ့ အမည်မသိ ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ကို ကြိုက်လို့ တင်ဆက်လိုက်ပါတယ်။ မိတ်ဆွေတို့လည်း ကြိုက်မယ်ထင်ပါရဲ့)

No comments:

Post a Comment